ကိုရီးယားနိုင်ငံ Jeju Island မြို့တွင်ကျင်းပမည့် The 38th QUEEN SIRIKIT CUP Asia-Pacific Amateur Ladies Golf Team Championships ပြိုင်ပွဲအား ၂၀၁၆ ခုနှစ် ဧပြီလ (၂၇) ရက် မှ (၂၉) ရက်နေ့ ထိကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကဌ ဦးကိုကိုအေး ဦးဆောင်သော မြန်မာဂေါက်သီးအားကစားသမားများသည် ၂၃.၄.၂၀၁၆ ရက်နေ့ ည (၁၁:၃၀) တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားသည်။ အဆိုပါဂေါက်သီးရိုက်အားကစားအဖွဲ့တွင် ဥက္ကဌ ဦးကိုကိုအေး နှင့် အမျိုးသမီးအားကစားများဖြစ်ကြသော မေဦးခိုင် .အေးအေးအောင်. ဖူးပွင့်နဒီခိုင် . သင်းဝေခိုင် တို့နှင့် အားကစားသမားများ၏ မိဘများလိုက်ပါသွားကြပါသည်။