18 စကော့တလန်နိုင်ငံ Kilmarnock မြို့ Barassie ဂေါက်ကွင်းတွင်၂၀၁၆ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့ မှ(၁၃)ရက်နေ့ထိကျင်းပပြုလုပ်သည့် ပြိုင်ပွဲသို့မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ အားကစားသမား ( ၂ )ဦး အားပြိုင်ပွဲဝင်နိုင်ရန် စေလွှတ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင်နိုင်ငံပေါင်း (၇၅)နိုင်ငံမှ အားကစားသမားပေါင်း (၁၅၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသမီးအားကစားသမားဖြစ်သော ဖူးပွင့်ရတီခိုင်မှ Asia Pacific Region တွင်မြန်မာနိုင်ငံကိုယ်စားပြု (ပထမ)ဆု ကိုထူးချွန်စွာဖြင့် ဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့ ည(၁၈း၄၅)နာရီတွင် TG 305 လေကြောင်းလိုင်း ဖြင့်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိမည်ဖြစ်ရာမြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့်အောင်ပွဲရ အားကစားသမားများ၏မိဘများကကြိုဆိုဂုဏ်ပြုခဲ့ကြောင်းသတင်းရရှိပါသည်။