19 စကော့တလန်နိုင်ငံ Kilmarnock မြို့ Barassie ဂေါက်ကွင်း တွင်ကျင်းပမည့် THE JUNIOR  OPEN CHAMPIONSHIP 2016 ပြိုင်ပွဲအား၂၀၁၆ ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့မှ(၁၃)ရက်နေ့ထိကျင်းပ မည် ဖြစ်ရာ မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေး ခေါင်းဆောင်သော မြန်မာ ဂေါက်သီး အားကစားသမား များသည် (၈ . ၇ . ၂၀၁၆) ရက်နေ့ သောကြာနေ့ည (၇း ၅၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွါသွားသည်။ အဆိုပါ ဂေါက်သီးရိုက် အားကစား အသင်းတွင် ဥက္ကဋ္ဌဦးကိုကိုအေး နှင့် ဂေါက်သီးအားကစား သမားများ ဖြစ်ကြသော ဟိန်းစည်သူ၊ ဖူးပွင့်ရတီခိုင် တို့နှင့် အားကစား သမားများ၏ မိဘများ လိုက်ပါ သွားရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများလိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသတင်း ရရှိပါသည်။