World Junior Golf Series 2015 ကကြီးမှုး၍ ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည် နယ် Slammer & Squire Course ၌ကျင်းပခဲ့သော နိုင်ငံပေါင်း (၃၀) ကျော်မှ လူငယ် ဂေါက်သီးရိုက်အားကစားပါဝင်သော World Junior Golf Series နောက်ဆုံး ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူငယ်ဂေါက်သီးရိုက်အားကစား သမားများဖြစ်ကြသော (အမျိုးသား) ပြိုင်ပွဲတွင် ဘုန်းပြည့်ချမ်းဟန်သည်စုစုပေါင်း ရိုက်ချက် ၂၁၉ ချက်ဖြင့် ပဉ္စမ ၊ ဟိန်းစည်သူ သည် စုစုပေါင်း ရိုက်ချက် ၂၂၃ ချက်ဖြင့် ဒဿမ နှင့် (အမျိုးသမီး) ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင်မှ စုစုပေါင်း ရိုက်ချက် ၂၃၀ ချက်ဖြင့် တတိယ ရရှိကြောင်းသိရသည်။